Deadline: 8 August (Tuesday) 11:59 PM
ဒီအိမ်စာမှာ စုစုပေါင်း 22 points ရှိပါတယ်။ ဒါပေမယ့် အနည်းဆုံး 9 points ရတာနဲ့တင် ဒီအိမ်စာကို အမှတ်ပြည့်ပေးမယ်။ ဒီလိုဆိုပေမယ့်လည်း ဖြစ်နိုင်ရင် ပုစ္ဆာစေ့အကုန်တွက်ကြည့်ကြပါ။ များများတွက်မှ trick တွေနဲ့များများရင်းနှီးလာမှာပါ။ ပုစ္ဆာတွေက ဂဏန်းကိုင် heavy ဖြစ်တာမို့လို့ calculator သုံးကြပါ။ ကိုယ့်အမှတ်ကိုယ်မကြိုက်ရင် deadline မကျော်ခင် ကျေနပ်တဲ့အထိအကြိမ်ကြိမ်ပြန်ဖြေပြီး submit လို့ရပါတယ်။ မှန်ပြီးသားအပုဒ်တွေကို အဖြေထပ်ဖြည့်စရာမလိုပါဘူး။ တစ်ခါမှန်တာနဲ့ အမှန်ပေးပါမယ်။
စတား (*) ပြထားတဲ့ပုစ္ဆာတွေက နည်းနည်းပိုခက်ပါတယ်။
Homework ကို ကိုယ့်သူငယ်ချင်းတွေနဲ့ ပေါင်းတွက်၊ ပေါင်းစဉ်းစားလို့ရပါတယ်။ အဖြေတွေကို တိုက်ရိုက်ကူးမချရင် ပြီးတာပါပဲ။ အစ်ကိုနဲ့ အစ်ကိုနိုင်ဇော်လူကိုလည်း မေးခွန်းနားမလည်တာတို့၊ Hint လိုချင်တာတို့ဆိုရင် အချိန်မရွေးပြောလို့ရပါတယ်။