Call for Speakers at Under 30 Dialogue
မင်္ဂလာပါ  🍀

အသက် (၃၀) နှစ်အောက် လူငယ်များ စကား၀ိုင်း Under 30 Dialogue ကို ရန်ကုန်လူငယ်ကွန်ရက် နဲ့ Mizzima Media Group တို့ ပူးတွဲပြီး Mizzima TV 📺 မှာ စနေ၊ တနင်္ဂနွေနေ့ ည (၈) နာရီတိုင်း "လူငယ်နှင့် ရွေးကောက်ပွဲ"  ဆိုင်ရာ ဆွေးနွေးချက်များကို အနယ်နယ်အရပ်ရပ်က လူငယ် ကိုယ်စားလှယ်များ၊ လူငယ်များကို ဖိတ်ခေါ်ပြီး တင်ဆက်လျက်ရှိပါတယ်။  

ယခု အဆိုပြုလွှာ ကတော့

"အစိုးရသစ် က ဆောင်ရွက်ရမယ့် လူငယ့်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေး" ဆိုတဲ့ ခေါင်းစဉ်
ကို စိတ်ပါဝင်စားပြီး ပါဝင်ဆွေးနွေးလိုတဲ့ မည်သည့် အသက် (၃၀) နှစ်အောက် လူငယ်မဆို ပါဝင်ဆွေးနွေးနိုင်ဖို့ရာ ရည်ရွယ်ပြီး youth speakers များကို ဒုတိယအကြိမ် အွန်လိုင်းမှ တဆင့် ခေါ်ယူခြင်းဖြစ်ပါတယ်။

ပါဝင် ဖို့ အဆိုပြုပြီး ရွေးချယ်ခံရတဲ့ လူငယ်များကတော့ Mizzima TV 📺 မှာ ထုတ်လွှင့်မယ့် Under 30 Dialogue မှာ ဝင်ရောက်ပါဝင်ဆွေးနွေးရမှာ ဖြစ်ပြီး မိမိယုံကြည်ရာ၊ ဆွေးနွေးလိုတဲ့အကြောင်းအရာကို သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ပါတီများနှင့် အများပြည်သူ သိရှိနိုင်ဖို့၊ လူငယ်များ လေ့လာနိုင်ဖို့ ဝေမျှခွင့်ရမှာဖြစ်ပါတယ်။

လူငယ်နှင့် ရွေးကောက်ပွဲ ကို စိတ်ပါဝင်စားတဲ့ လူငယ်တွေကို ပါဝင်အဆိုပြုပေးကြဖို့ လေးစားစွာ ဖိတ်ခေါ်ပါတယ်။ အဆိုပြုလွှာများကို အောက်တိုဘာလ (၁၁) ရက် (တနင်္ဂနွေနေ့) ည ၁၂ နာရီ နောက်ဆုံးထားပြီး တင်ပေးကြရမှာ ဖြစ်ပါတယ်။

ပါဝင်ဖို့အတွက် -

လူငယ်တွေဟာ အောက်ပါ form မှာ  ဆွေးနွေးလိုတဲ့ အဓိက အကြောင်းအရာ နှင့်စိတ်ပါဝင်စားမှုကို အတိုချုံး ရေးသားပေးရမှာဖြစ်ပါတယ်။

ပါဝင်ရမယ့် လူငယ်တွေဟာ -

🍂  အဆိုပြုလွှာ တင်ချိန်မှာ အသက်(၃၀) နှင့် အောက် ဖြစ်ရမှာဖြစ်ပါတယ်။
(Under 30 Dialouge တွင် ပါဝင်ဆွေးနွေးထားပြီးသား လူငယ်စပီကာများ ဝင်ရောက်လျှောက်ထားခွင့်မရှိပါ။)
 
🍂  ခေါင်းစဉ်အတွက် စိတ်ပါဝင်စားမှု နဲ့ ဆန်းသစ်တဲ့ အတွေးအမြင်ကို အဓိက ဖော်ပြနိုင်သူ ဖြစ်ရမှာဖြစ်ပါတယ်။
🍂  Online ပေါ်က ဆွေးနွေးပေးရမှာ ဖြစ်လို့ မည်သည့် အရပ်ဒေသက လူငယ်မဆို ပါဝင်နိုင်ပါတယ်။
🍂  Under 30 Dialogue ရဲ့ တန်ဖိုးထားမှုများနဲ့ ကိုက်ညီတဲ့ ဆွေးနွေးချက်မျိုး ရှိသူဖြစ်ရပါမယ်။
🍂  အဖွဲ့အစည်း အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိရန်မလိုအပ်ပါ။

 လူနည်းစု တိုင်းရင်းသားများ၊ လူနည်းစု ဘာသာဝင်များ ၊ အမျိုးသမီးငယ်များ၊ မသန်စွမ်းလူငယ်များ နှင့် LGBTIQ လူငယ်များကို အဆိုပြုကြဖို့ ဦးစားပေး တိုက်တွန်းပါတယ်။

ရွေးချယ်ခံရသူတွေကို မည်သည့်အချိန်၊ နေ့ရက်တွင် ရိုက်ကူးမည်ကို *တပါတ်* ကြိုတင်အကြောင်းကြားပါမယ်။

U30 Dialouge ၏ တန်ဖိုးထားမှုများ

၁။ အဖြေကို ဦးတည်သော (Solution-Oriented)
၂။ ရှေ့ဆက်တိုးတက်ရေးကို ဦးတည်သော (Forward thinking)
၃။ ဘာသာလူမျိုး၊လိင်ကွဲပြားမှု စသည့် ကွဲပြားစုံလင်မှုများကို တန်ဖိုးထားသော (Embracing Diversity)
၄။ လူငယ်များ၏ စစ်မှန်သည့်အသံ (Geneuine Youth Voice)


အသေးစိတ် သိရှိလိုပါက -
Program Assistant
09-782493126
u30dialogue@mizzima.com

Under 30 Dialogue Facebook စာမျက်နှာ ( https://www.facebook.com/U30Dialogue )
Youtube Channel ( https://www.youtube.com/channel/UCbE-ab-LOEZ_5ESeabj1-1w )

Next
Clear form
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. Report Abuse - Terms of Service - Privacy Policy