သန့်ရှင်းသောစွမ်းအင်(Clean Energy) အတွက် အာဆီယံ၏ အသင့်ဖြစ်နေမှုအပေါ် လူငယ်များ၏ သဘောထားအား အကဲဖြတ်ခြင်း သုတေသနစစ်တမ်း

လေးစားအပ်ပါသော စာတမ်းပါဝင်ဖြေကြားပေးသူ

ကျွန်တော်တို့၏ သုတေသနစစ်တမ်းတွင် ပါဝင်ဖြည့်စွက်ပေးရန် ဖိတ်ကြားအပ်ပါသည်။ ဤစာတမ်းသည် အသိပညာကွာဟချက်များကို ပေါင်းကူးပြီး စွမ်းအင်အကူးအပြောင်း (Energy Transition) ကို လူငယ်များ မည်ကဲ့သို့ ရှုမြင်သည်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်နိုင်ရန် ရည်ရွယ်ပါသည်။

ASEAN Youth Organization (AYO) Research Center (RECENT) နှင့် Youth for Energy Southeast Asia (Y4E-SEA) အကြား ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် စွမ်းအင်မူဝါဒများကို အသိပေးရန်၊ လူငယ်များအကြား ထိတွေ့ဆက်ဆံမှုကို အားကောင်းလာစေရန်နှင့် အာဆီယံဒေသအတွင်း ရေရှည်တည်တံ့သော စွမ်းအင်အသွင်ကူးပြောင်းမှုများကို တွန်းအားပေးရန် ရည်ရွယ်ပါသည်။

သင်၏ အကူအညီဖြင့် ကျွန်တော်တို့သည် လူငယ်များ၏ ထင်မြင်ယူဆချက်များ၊ ဦးစားပေးမှုများနှင့် သန့်ရှင်းသောစွမ်းအင်အကူးအပြောင်း(clean energy transition) အတွက် အချိန်ဇယားများကို ကိုယ်စားပြုသော ကျယ်ပြန့်တဲ့အစီရင်ခံစာကို ဖန်တီးရန်ရည်ရွယ်ပါသည်။ အာဆီယံဒေသအနှံ့ လုပ်ဆောင်ခြင်းဖြင့် ဤအစီရင်ခံစာသည် စွမ်းအင်အကူးအပြောင်းတွင် လူငယ်များနှင့် ထိတွေ့ဆက်ဆံပြီး အာဆီယံဒေသတွင်း ကျယ်ပြန့်သောမူဝါဒ အကြံပြုချက်ကို ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်သည်။

ဤမေးခွန်းလွှာတွင် ပါဝင်ရန် စွမ်းအင်ဆိုင်ရာ ပြဿနာများကို နက်ရှိုင်းစွာ သိရှိရန် မလိုအပ်ပါ။ အသက် (၁၈) နှစ်မှ (၃၅) နှစ်ကြားဖြစ်ရမည်။ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် လေ့လာသူအဖွဲ့ဝင် တီမောလက်စတေတို့မှ ဖြစ်ရမည်။

ဤမေးခွန်းလွှာတွင် သန့်ရှင်းသောစွမ်းအင်(clean energy) နှင့် ပတ်သက်သည့် မေးခွန်းများပါရှိပြီး ဖြည့်စွက်ရန် 10 မိနစ်ခန့် ကြာပါမည်။ မေးခွန်းလွှာကို အလိုအလျောက် သိမ်းဆည်းထားသောကြောင့် မတူညီသောအချိန်များတွင် ဖြေဆိုနိုင်ပြီး သင်ချန်ထားခဲ့သည့်နေရာကို ဆက်လက်ဖြေဆိုနိုင်သော်လည်း ကျေးဇူးပြု၍ 5th November 2023 11:59 GMT+7 တွင် နောက်ဆုံးထား၍ ဤမေးခွန်းလွှာကို ဖြည့်စွက်ပေးပါ။

ဒေတာစုဆောင်းခြင်းဆိုင်ရာ အချက်အလက်

သင်၏ ပူးပေါင်းပါဝင်မှုသည် 2050 ခုနှစ်သို့ ဦးတည်သော သန့်ရှင်းသော စွမ်းအင် အသွင်ကူးပြောင်းမှုအတွက် အာဆီယံ၏ အသင့်ဖြစ်နေမှုနှင့် ပတ်သက်၍ လူငယ်များ၏ သဘောထားကို လေ့လာမှုအား အထောက်အကူပေးပါသည်။ ဤမေးခွန်းလွှာမှ အချက်အလက်များကို ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်အရ နောက်ထပ် အစီရင်ခံစာများ၊ တင်ပြမှုများ သို့မဟုတ် ထုတ်ဝေမှုများတွင် အသုံးပြုသွားပါမည်။

ဤမေးခွန်းလွှာတွင် သင်၏ပါဝင်မှုသည် ဆန္ဒအလျောက်ဖြစ်သည်။ သင်၏တုံ့ပြန်မှုများသည် အမည်မသိဖြစ်ပြီး သင်သည် အချိန်မရွေးပါဝင်ခြင်းကို ရပ်တန့်နိုင်သည်။ မပြည့်စုံသော အဖြေလွှာများကို ပယ်ဖျက်ပါမည်။

မေးခွန်းလွှာဒေတာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး အနာဂတ်တွင်အသုံးပြုနိုင်ရန်အတွက် Y4E-SEA နှင့် AYO တို့မှ ဒေါင်းလုဒ်လုပ်ပြီး ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ သင့်တွင် ဤမေးခွန်းလွှာနှင့် လျှို့ဝှက်ရေးဆိုင်ရာ မေးခွန်းများ (သို့မဟုတ်) စိုးရိမ်ပူပန်မှုများရှိပါက youthenergysea@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။

Sign in to Google to save your progress. Learn more

သင်ဖြည့်စွက်လိုက်သောသတင်းအချက်အလက်များကို သုတေသနရည်ရွယ်ချက်အတွက် အသုံးပြုရန် သဘောတူပါသလား

*
Next
Clear form
Never submit passwords through Google Forms.
This content is neither created nor endorsed by Google. - Terms of Service - Privacy Policy

Does this form look suspicious? Report